ထားဝယ်ရိုးရာခေါင်းပေါင်း သို့မဟုတ် ထားဝယ်ခေါင်းပေါင်းဆိုတာ ရှိလို့လား။
အရင်က ဘယ်သူလုပ်တာ တွေ့ဖူးလဲ။ စတဲ့ မေးခွန်းတွေ မေးလာကြပါတယ်။
ခေါင်းပေါင်းဆိုတာ အရင်ကမရှိဘဲ ကျွန်တော်တို့က အတတ်ဆန်းပြီး ဖန်တီးလုပ်ကြံထားတဲ့
သဘောမျိုး မေးလာတာ ဖြစ်ပါတယ်။ ဘယ်လိုမေးတာ ဖြစ်စေ ကျွန်တော်တို့မှာ ကျွန်တော့်ကို
မေးလာတာဆိုတော့ ကျွန်တော်မှာ ဖြေရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့် ဖြေပေးပါတယ်။
ထားဝယ်ရိုးရာ ခေါင်းပေါင်းဆိုတာ ကျွန်တော်တို့ အတတ်ဆန်းပြီး ဖန်တီးထားတာ မဟုတ်ပါဘူး။
ယခင်ကတည်းက ရှိပါတယ်။ ရှိခဲ့တယ်ဆိုတော့ ဒီစကားမှန်ကန်ကြောင်းပြဖို့ သက်သေလိုတာပေါ့။
အထောက်အထားကတော့ ရှေးခေတ် ကျွန်တော်တို့ ထားဝယ်လူကြီးတွေဟာ
ပွဲတက်တဲ့အခါဖြစ်စေ လယ်ထဲယာထဲ သွားတဲ့အခါဖြစ်စေ ခေါင်းပေါင်း ပေါင်းလေ့ရှိပါတယ်။
ဒီခေါင်းပေါင်းတဲ့အဝတ်စကို ခေါင်းပေါင်းရုံသက်သက် မဟုတ်ဘဲ ခါးမှာ ချည်တာ ချွေးသုတ်တာ
စတာမျိုးတွေအတွက် အသုံးပြုပါတယ်။
ထားဝယ်လို "ဖားအူ" ပိုင်းလို့ ခေါ်ပါတယ်။ ဒီကနေ့ခေတ်မှာ ဒီလိုသုံးတာ
မရှိတော့ဘူး ပြောရတော့မလို ဖြစ်သွားပါပြီ။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်ကထိ
အချို့နေရာတွေမှာ ဒီအလေ့ပြုလုပ်သူတွေ ရှိကြပါသေးတယ်။
အထောက်အထားအတွက် ကြည့်လိုရင်တော့ ပန်းချီဆရာကြီးဦးငွေကိုင်ရဲ့ ပန်းချီကား တစ်ချို့ရယ် အင်္ဂလိပ်မှတ်တမ်းတွေရဲ့ ပန်းချီ၊ ဓာတ်ပုံစသည့်နေရာတွေမှာ တွေ့နိုင်ပါသသည်။
စာအထောက်အထားအားဖြင့်တော့
ရိုးရာတေးတွေမှာ အများဆုံး တွေ့ရနိုင်ပါတယ်။
ကော်ထောန်းဗွဲ ရိုးရာတေးမှာပါတာ အကျဥ်းပြရရင်
"ခေါန်းဗောန်းနှေ့စ တစပစ်တံ
ရှင်းရှင်က္လောန်း ကော်ထောန်းဝမ်...."
ဒီလိုတွေ့နိုင်ပါတယ်။
ရှမ်းမလည်ဆွဲ ကဗျာမှာ-
"ဗောန်းဇ နှေ့စ၊ ထွပ်တယ်ကား...."
ဆိုတာတွေ တွေ့နိုင်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့က ခေါင်းပေါင်းကို ဖားဥပိုင်းအနေနဲ့ မသုံးတော့ဘဲ
ရယ်ဒီမိတ်အနေနဲ့ ဖန်တီးပြီး ခေါင်းပေါင်းသီးသန့်ပဲ လုပ်ထားလိုက်ပြီး
အဆင်သင့် အသုံးပြုတာ ဖြစ်ပါတယ်။
ရယ်ဒီမိတ်ကို သုံးတာက သေသပ်လှပအောင်လို့ သုံးတာသာ ဖြစ်ပါတယ်။
ကိုယ့်ဟာကိုယ် ပေါင်းလည်း ရပါတယ်။
အဆင်ပြေကြပါစေ။
နောန်အောန်မျိုး(ထားဝယ်ရှေးဟောင်းသုတေသီ)
အာကာဖြိုး(ကံပေါက်)
9.12.2020