ထားဝယ် တိုင်းရင်းသား စုစည်းမှုအဖွဲ့ (ဗဟို)
ထားဝယ်လူမျိုးများ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ထူထောင် ရာတွင်ပါ၀င်နိုင်ရန်အတွက် ထားဝယ်လူမျိုးတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု ၊ အနုပညာ၊ ဓလေ့ ထုံးတမ်း၊ သမိုင်းအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းဖော်ထုတ်ပြီး ထားဝယ်လူမျိုးများအကြား တွင် အမျိုးသားနိုးကြားလာစေရန် နှင့် ထားဝယ်လူမျိုးများကို စုစည်းပြီး ယင်းစုစည်းရရှိလာသော အင်အားစုဖြင့် တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်သည့်ကိစ္စများကို စုစည်းညီညွတ်စွာ နိုင်ငံတော်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း ဥပဒေဘောင်အတွင်းမှ ထားဝယ်လူမျိုးတို့၏ တိုင်းရင်းသားရေးရာကိစ္စ ရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ကျင်းပသည့် ထားဝယ် အမျိုးသားညီလာခံကြီးမှ အတည်ပြုပြီး ထားဝယ်လူမျိုးစုစည်းမှု ကော်မတီကိုစတင်ဖွဲ့စည်းခဲ့ပြီး ယခု အချိန်အခါတွင် နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းကို လိုက်နာဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ထားဝယ်လူမျိုးစုစည်း မှုအဖွဲ့ (ဗဟို) ကို ဖွဲ့စည်းခြင်းဖြစ်ပါသည်။
အသင်းအဖွဲ့၏ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်
(က) အမည်- ထားဝယ်လူမျိုးစုစည်းမှုအဖွဲ့ (ဗဟို) (Dawei National Association)
(ခ) အဓိပ္ပါယ်- ထားဝယ်လူမျိုးများစုစည်း၍ ထားဝယ်တစ်မျိုးသားလုံးနှင့် ပက်သက်သော အမျိုးသားရေးကိစ္စရပ်များဆောင်ရွက်မည်။
.
အသင်းအဖွဲ့တံဆိပ် အမှတ်အသား
ဖွဲ့စည်းထားရှိပုံ
"၂၀၁၅ တိုင်းရင်းသားလူမျိုးများ၏. အခွင့်အရေး. ကာကွယ်စောင့်ရှောက်သည့်. ဥပဒေ" နှင့် အညီ ထားဝယ် တိုင်းရင်းသား စုစည်းမှုအဖွဲ့ ကို ဖွဲ့စည်းထားရှိပါသည်။
- https://www.mlis.gov.mm/mLsView.do;jsessionid=25DFE4D2353839BDF1DABF0C7FEEE64A?lawordSn=243
သို့မဟုတ် - https://themimu.info/sites/themimu.info/files/documents/Protection_of_National_Race_Rights_Law_Feb2015_MMR.pdf
ပြည်နယ်/တိုင်းဒေသကြီး အလိုက် ဖွဲ့စည်းထားပုံ
- ထားဝယ် တိုင်းရင်းသား စုစည်းမှုအဖွဲ့ (ဗဟို)
- ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ကော့သောင်းခရိုင်)
- ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(မြိတ်ခရိုင်)
- ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ရန်ကုန်)
- ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(မန္တလေး)
- ထားဝယ်လူမျိုးတိုးတက်ရေးအသင်း(ထိုင်းနိုင်ငံ)
ဆက်သွယ်ရန် လိပ်စာ
ထားဝယ် တိုင်းရင်းသား စုစည်းမှုအဖွဲ့ (ဗဟို)ပျော်ဘွယ် ကျောင်းတိုက်
ညောင်ရမ်းတောင်ရပ်၊ ကြက်သံဒိုင်ဘုရားအနီး၊
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး။
တယ်လီဖုန်း။
ဂူဂဲမြေပုံလမ်းညွှန်။ https://maps.app.goo.gl/xQL95KGypfgTtLWk7