ထားဝယ်စာပေ လေ့လာ သင်ကြားရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ မေဠဝတီ ဆရာတော်မှ ရေးသား ပြုစုလျက် ရှိသည်။

(ဆက်လက် တင်ပြပါမည်။)


  


ထားဝယ်စာကို စာလုံးပေါင်း သတ်ပုံ ဘယ်လို ခွဲခြားရေးမလဲ

စာပေဆိုင်ရာအတွက် ပြုစုနေကြ ကျွန်တော်တို့ဘက်က  သတ်ပုံ/ခွဲထား စာအုပ် မထုတ်ဝေပေးရသေးတော့  အခုချိန်မှာ ဘယ်လိုတွေ ရေးကြမလဲ ဆိုတာနဲ့ပက်သက်လို့ လတ်တလော ယာယီ အဖြေ ပေးရရင် စာပေ အရေးအသားတစ်ခုဟာ မြန်မြန်ဆန်ဆန် ကျစ်ကျစ်လစ်လစ်နဲ့ သေသပ်လှပစွာရေးဖို့ လိုအပ်ပါတယ်။ 

နောက်တချက်က အသံထွက်မှန်ကန်ဖို့။ 

ဒီအဖြေမှာ  အပိုင်း၄ ပိုင်း ပါဝင်ပါတယ်။

  • ၁။ မြန်ဆန်ဖို့ 
  • ၂။ ကျစ်လစ်မှုရှိဖို့
  • ၃။ သေသပ်လှပဖို့ 
  • ၄။ အသံထွက်မှန်ကန်ဖို့

ဒီလေးမျိုးက စံပါပဲ။ ဥပမာ တစ်ခုလောက် ပြပေးပါမယ်။

  • ဟျား = ဟြား
  • ဝှေ့… နန့်ဇာဟှဟျားဇာနူး
  • ဝှေ့…  နန့်ဇာဟှဟြားဇာနူး

ဒီစကားရပ်မှာ အပင့်နဲ့အရစ်ကို ပြထားပေးတာပါ။ ဒါမျိုးအတွက် ဘယ်ဟာကို သုံးစွဲ ရေးသင့်ပါသလဲ။ ဝေခွဲရခက် နေ တတ်ပါတယ်။ စာလုံးအထားအသို စာရိုက်ရတာ ရေးရတာ အတူတူပါပဲ။ မတူတဲ့အပိုင်းက သတ်မှတ်ထားတဲ့ အက္ခရာတွေက စာရေးတဲ့အခါ ရှေ့ကို ထိုးပြီး နောက်ကို ပြန်ဆွဲရတဲ့ အက္ခရာ အမျိုးအစား ဖြစ်ပါတယ်။ 

- ျား = ြ  -ား 

တူတယ်ထင်ရပေမယ့် စာရေးတဲ့အခါ ကွဲပြားပါတယ်။

ဒီစာလုံးအတွက် -ျား ဟာ လက်အဟကို ပိုကြာစေပါ တယ်။  အရစ်က ပိုမြန်ဆန်ပါတယ်။ 

စာရဲ့နေရာယူမှုက အနည်းငယ်  ပိုကြုံ့ သွားစေပါတယ်။ သေသပ်လှပမှု ပိုရှိပါတယ်။ အမြင်ဆန်းနေဖို့ တမင်တကာ အားမထုတ်သင့်ပါဘူး။(ဒါက အကြောင်း ရှိတယ်။ ဒီမှာ ထည့်မပြောသေးပါ) စနစ် ပိုကျပါတယ်။ အသံတူတဲ့အခါ အရေးအတွက် ခွဲထားသတ်မှတ်ပုံတွေ တဖြည်းဖြည်း ပြောပေးသွားပါမယ်။  ယာယီအားဖြင့် ဒီလေးချက်နဲ့ ရွေးချယ် အသုံးပြုကြပါလို့ ဖြေပေးလိုက်ပါတယ်။ 

ဘယ်စာလုံးပေါင်းကို ဘယ်လိုရေးရမယ် ဆိုတာ စကားတလုံးတည်းကိုပဲ သံတူ ကြောင်းကွဲ အရေးတူအနက်ကွဲ တွေ များစွာ ပြောင်းလဲသုံးစွဲတတ်တဲ့ ထားဝယ်စကားဟာ စာအရေးတမျိုး တည်းကို အသံတူတွေကြောင့် ထပ်တ လဲလဲ သုံးစွဲနေရတာတွေ များစွာပါပဲ။ 

ဒါကြောင့် ခွဲထားတွေ အသေးစိတ်ကို တော့ စာအုပ်ထဲကျမှပဲ စနစ်တကျ လေ့လာနိုင်ကြမှာပါ။ ရေးထုံးတည်ငြိမ် ရေး ကို မစဉ်းစားပါနဲ့။ နှစ်ထောင်ချီ သုံးစွဲလာတဲ့ နိုင်ငံတော်ရုံးသုံးဘာသာ စကားတောင် ဒီကနေ့ထိ  အတင်း ညှိယူနေတာတောင် မတည်ငြိမ်သေးပါ ဘူး။ ဒီကိစ္စက နောက်တဆင့် အနေနဲ့ တဖြည်းဖြည်း ထပ်လုပ်ရတဲ့ ကိစ္စသာပါ။

Credit: အာကာဖြိုး

.

.

ထားဝယ်လုံချည် (ဝတ္ထုတို)