ထားဝယ် နှင့် တနင်္သာရီ ဒေသရှိ မြို့ဟောင်းများ
ထားဝယ်ဒေသတွင် သမိုင်းဝင်မြို့ဟောင်း ၁၈ ခုအထိရှိပါသည်။
.
၁။ အောင်သာဝတီမြို့ - ကလိန်အောင်မြို့ သာသနာသက္ကရာဇ်(၁၇) ခုနှစ်၊ နရုတိမင်း
၂။ ကနက်သီရိမြို့. - ကနက်သီရိကျေးရွာ၊ သာသနာသက္ကရာဇ် (၂၃၈)ခုနှစ်၊ ဓမ္မသေနမင်း၊ ကောရမ္ဘမင်းနှင့် နဂါးဇင်း
၃။ အောင်သာဝရမြို့ - အောင်သာဝရကျေးရွာ၊ ကောဇာသက္ကရာဇ်အစ၊ ရန္တပိုပိုပိုမင်း (နရိန္ဒမင်း)
၄။ ဘုမ္မိဒေဝနာဂရမြို့ - မောင်မယ်ရှောင်ကျေးရွာ၊ ကာသက္ကရာဇ် (၉၃) ခုနှစ်၊ ရန္တပိုမင်း (နရိန္ဒမင်း)
၅။ သာဂရမြို့ - မြို့ဟောင်းကျေးရွာ၊ ကောဇာသက္ကရာဇ် (၁၁၃)ခုနှစ်၊ သမန္တမင်း
၆။ မှိုင်းကာရီမြို့ - ပကာရီကျေးရွာ၊ လောသက္ကရာဇ် (၁၂၃)ခုနှစ်၊ စောလွန်းရွှေ၊ ရှမ်းမြို့စားများ
၇။ တက္ကူမြို့ - ဝကျွန်းရပ်၊ ထားဝယ်မြို့ ကောဇသက္ကရာဇ် (၁၂၃) ခုနှစ်၊ တကူဗင်းကြီး
၈။ ညောင်ခရားမြို့ - ဆင်ဆိပ်ရပ်၊ ထားဝယ်မြို့၊ ကောဇာသက္ကရာဇ်(၁၇၆) ခုနှစ်၊ သြရဂဠုန်
၉။ သုခနာဂရမြို့ - ထားဝယ်မြို့ လေယာဉ်ကွင်း၊၊ ကာသက္ကရာဇ်(၅၁၇)ခုနှစ်၊ အလောင်းစည်သူမင်း
၁၀။ ထောင့်ကွယ်မြို့ - ဝဲမကိုက်ကျေးရွာ၊ ကာဇာသက္ကရာဇ်(၅၆၆)ခုနှစ်၊ နရပတိစည်သူမင်း
၁၁။ ဝေဒီမြို့ - ဝေဒီကျေးရွာ၊ ကောာသက္ကရာဇ်(၅၉၀) ခုနှစ်၊ ဗင်းဆု
၁၂။ မုတ္တသုခနာဂရမြို့ - ရှင်မုတ္ထီးကျေးရွာ၊ ကောဇသက္ကရာဇ် (၇၇၉) ခုနှစ်၊ မင်းဆွေ
၁၃။ ကမြောမြို့ - ကမြောကြီးကျေးရွာ၊ ကောဇာသက္ကရာဇ် (၈၅၀) ခုနှစ်၊ ဘပုမင်း
၁၄။ တလိုင်းရှောင်မြို့ - ကြက်စားပြင်ရပ်၊ ထားဝယ်မြို့ ကောဇာသက္ကရာဇ် (၁၁၀၂)ခုနှစ်၊ မင်းနဲလှ
၁၅။ ကြက်စားမြို့ - ကြက်စားပြင်ရပ်၊ ထားဝယ်မြို့၊ကောဇာသက္ကရာဇ် (၁၁၁၃)ခုနှစ် မင်းနဲလှ
၁၆။ သာယာဝတီမြို့ - ယခု ထားဝယ်မြို့ ကောဇသက္ကရာဇ်(၁၁၁၆)ခုနှစ်၊ မင်းနဲလှ
၁၇။ ကနိုင်းငယ်မြို့ - ထိန်တွင်းရွာ သက်တန်းသေချာမသိရသေးပါ
၁၈။ အဘူမြို့ - ကဘူကျေးရွာ သက်တန်းသေချာမသိရသေးပါ
ထိုကဲ့သို့ သမိုင်းဝင်မြို့ဟောင်းများရှိသည်အနက်မှ အများသိပြီး ထင်ရှားသော မြို့ဟောင်း သုံခုမှာ မုတ္ထီးမြို့ဟောင်း၊ ဝေဒီမြို့ဟောင်း၊ သာဂရမြို့ဟောင်းတို့ဖြစ်ပါသည်။
.
မြို့ဟောင်းများ၏ တည်နေရာ
- မြို့အမည် တည်နေရာ တည်ခုနှစ် ပျက်ခုနှစ်
- အောင်သာဝတီ(ကလိန်အောင်) N14.623025°, E98.139365° 705 CE
- သာဂရ N14.174696°, E98.168254° 751 CE 914 CE
- ဝေဒီ N13.983972°, E98.173079° 754 CE 914 CE
- ညောင်ခရား N14.109708°, E98.197039° 914 CE 995 CE
- သာဂရ (ဒုတိယအကြိမ်) N14.174696°, E98.168254° 995 CE 1076 CE
- ညောင်ရမ်း 1076 CE 1129 CE
- မဟာသုခနဂရ N14.109637°, E 98.202644° 1155 CE
- ထောင့်ကွယ် N13.633849°, E98.146878° 1174 CE 1268 CE
- မုတ္တသုခနဂရ N14.013680°, E98.227263° 1417 CE
- ဝေဒီ (ဒုတိယအကြိမ်) N13.983972°, E98.173079° 1430 CE 1488 CE
- ကမြော N14.096306°, E98.169840° 1488 CE 1494 CE
- နန်းတောင် သာဂရမြို့ဟောင်းအနီး 1494 CE 1497 CE
- ကမြော N14.096306°, E98.169840° 1497 CE 1504 CE
- သာဂရ (တတိယအကြိမ်) N14.174696°, E98.168254° 1561 CE 1751 CE
- ကြက်စား N14.086323°, E98.189549° 1751 CE 1754 CE
- သာယာဝတီ (ထားဝယ်) N14.086323°, E98.189549° 1754 CE 1824 CE
.
ထိုမြို့ဟောင်းများသည် မြို့ရိုး၊ မြို့တာ၊ မြို့ကျုံးများအထင်အရှားရှိသောကြောင့် လူသိများကြပါသည် သို့သော် ၎င်းမြို့ဟောင်းများသည် ယနေ့ နိုင်ငံရေးအခင်းအကျင်းမှာ မြို့ရိုးတွေဖျက် မြေကွက်တွေဖော် သမိုင်းကို အကွက်ကျကျ ဖျောက်ဖျက်နေကြသည်မှာ အနာဂတ် ထားဝယ်လူမျိုးတို့အတွက် ရင်နစ်ဖွယ်ရာအဖြစ်ပျက်တစ်ခုအဖြစ် ကူကယ်ရာမဲ့နေသော ထားဝယ်လူမျိုးတို့၏ ရှေးဟောင်းသမိုင်းဝင်မြို့ဟောင်းများအကြောင်းကို တင်ဆက်လိုက်ရပါသည်။
၂၁-၇-၂၀၂၄
ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)
As Tanintharyi Region is rich in ancient cultural heritages, there are many ancient cities flourished in olden days. Those cities are---
(1) Aung Thar Waddy city
(2) Kanet-Thiri city
(3) Aung Tharwara village
(4) Bhaumi Deva Nagara city
(5) Thagara city
(6) Hmaing Karee city
(7) Taku city
(8) Nyaung-Khayar city
(9) Mahar-Thukhan-Nagara city
(10) Daunt-Kwe' city
(11) Weidi city
(12) Motta-Thukha Nagara city
(13) Kamyaw city
(14) Monshaung (or) Kyet-Sar city
(15) Tharyarwaddy city
(16)Kaw Sambi city
(17)Tanintharyi city
(18) Mawtong (or) Mut-hton city etc----
According to the literature evidences, we can know that those ancient cities were located in Tanintharyi Region in the past. Among them, Thagara, Weidi, Shin Mote Hti and Tanintharyi ancient cities, have the remains of city walls and brick mounds, that are evidences of ancient cities. Therefore, Thagara city is defined as one of the cultural Heritage Regions of Myanmar.
BY KyiseinLay

