၁၈-၁၁-၂၀၁၇။ ထားဝယ်​ အမျိုးသားညီလာခံ

ထားဝယ်အမျိုးသားနေ့၊ အမျိုးသားအလံ၊ အမျိုးသားတံဆိပ် ပေါ်ပေါက်နိုုင်ဖိုု့နဲ့ ထားဝယ် စကား၊ စာပေနဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုတွေကိုု ဖော်ထုုတ်မြှင့်တင်နိုုင်ဖိုု့ ရည်ရွယ်ပြီး ပထမဆုုံးအကြိမ် ထားဝယ်အမျိုးသားညီလာခံကိုု ကျင်းပနေပါတယ်။ တနင်္သာရီတိုုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမမှာ နိုုဝင်ဘာ ၁၈ ရက်နေ့က စတင်ကျင်းပနေတာပါ။ နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ့် ဒီညီလာခံမှာ ထားဝယ်လူမျိုး၊ ထားဝယ်ဒေသယဉ်ကျေးမှု၊ ထားဝယ်ဝေါဟာရ သမိုုင်းလေ့လာချက်စာတမ်းတွေကိုု တင်သွင်းဖတ်ကြားသွားမယ်လိုု့ သိရပါတယ်။ အခုုကျင်းပနေတဲ့ ညီလာခံကိုု သံဃာတော်တွေနဲ့ ထားဝယ်လူမျိုး တစ်ထောင်နီးပါး တက်ရောက်ဆွေးနွေးနေကြတာပါ။ တနင်္သာရီတိုုင်းဒေသကြီးအပါဝင် မြန်မာနိုင်ငံအရပ်ရပ်က ထားဝယ်လူမျိုးတွေ လာရောက်စုုဝေးပြီး ညီလာခံကို ကျင်းပနေတာပါ။ သတင်းနှင့်ဓာတ်ပုံ - ကျော်စိုး

 

ထားဝယ်​အမျိုးသားညီလာခံ (မှတ်​တမ်း) စာအုပ်​အား ထားဝယ်​လူမျိုးစုစည်​းမှု​ကော်​မတီရုံး  ​ပျော်​ဘွယ်​​ကျောင်း သာသနာ့ဗိမာန်​အနီတွင်​ထားဝယ်​မြို့ ဝယ်​ယူနိုင်​ပါပြီ။

  • စာမျက်​နှာ- ၂၂၈ မျက်​နှာ
  • တစ်​အုပ်​​စျေးနှုန်း - ၅၀၀၀ ကျပ်​
  • လက်​ကားဖြန့်​ဝေ​ပေးသူများအား​​​စျေးညှိနှိုင်း​​ပေးမည်​

  
  • ထားဝယ်​လူမျိုးနှင်​့ပက်​သက်​ပြီး ထားဝယ်​လူမျိုးများသိသင်​့​သော့ ပညာရှင်များဖတ်ကြား​​ထားသည့်စာတမ်း ၄ ​စောင်​ပါဝင်​ခြင်း။
  • ထားဝယ်​အမျိုးသား အလံ၊ ထားဝယ်​အမျိုးသား တံဆိပ်​၊ ထားဝယ်​အမျိုးသား​နေ့ စသည်​တို့၏ ရှင်းလင်းချက်​များ ပါဝင်​ခြင်း။
  • *စာ​ရးဆရာ ရေတနာ(ထားဝယ်​) ​မေဃဝတီဆရာ​တော်​၏ဥ​ယျောဇဉ်​
  • *စာ​ရေးဆရာ ​မောင်​သန်​း​ဆွေ(ထားဝယ်​) ဦးသန်း​ဆွေ ဒုဥက္ကဌ(၁) မြန်​မာ့သမိုင်​းအဖွဲ့၏ ဥ​ယျောဇဉ်​
  • *ထားဝယ်​အမျိုးသားညီလာခံကျင်​းပ​ရေး​ကော်​မတီ ဦးစီးနာယက ဒုဗိုလ်​မှူးကြီးတင်​မြ(ငြိမ်​း) ထားဝယ်​ ၏  ဥ​ယျောဇဉ်​ တို့ကိုဖတ်​ရှုနိုင်​ခြင်း။
  • ထားဝယ်​လူမျိုးတိုင်း အိမ်​မှာ​ဆောင်​ထားသင့်​သော စာအုပ်​ကြီးတစ်​အုပ်​ဖြစ်​ခြင်း။

ဆက်​သွယ်​ရန်​ - 

  • 09255709077 ​ပျော်​ဘွယ်​​ကျောင်​း ဆရာ​တော်​
  • 09254337938 ကိုထွန်​း​ဝေ
  • 09780070372 ဟိန်​း​ဇော်​ကို