ထားဝယ် ဒင်္ဂါးများ

Dawei Coins

တနင်္သာရီတိုင်းဒေသကြီး အနှံ့မှ တူးဖော်တွေ့ရှိရသော #ထားဝယ်ဒင်္ဂါး များ၏ အများစုမှာ ခဲမဖြူ (tin) ဖြင့် ပြုလုပ်ထားတတ် ကြသည်။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဖြစ်စေ၊ စင်္ကာပူမှ လာဝယ်သည့် သဲများလာဝယ်သည့်အခါ ဖြစ်စေ မြစ်ချောင်းအတွင်းမှ သဲများကို စက်များဖြင့် စုတ်တင်သည့် အခါများတွင် မကြာခဏ တွေ့ရတတ်သည်ဟု ဆိုသည်။ 

.

တူးဖော်ရရှိသော အထောက်အထားများ အရ ထားဝယ် ဒင်္ဂါး အမျိုးကွဲ ၉ မျိုးရှိသည်ကို သိရသည်။ (သိရိဝစ္ဆ နဲ့ ခရုသင်း ဒင်္ဂါး နှစ်မျိုးကို ထားဝယ် ဒင်္ဂါးစာရင်းထဲ မထည့်ထားပါ။)

  • ၁။ ကရဝိတ်အစာချီ (ရစ်ငှက်နှင့် ဆင်)
  • ၂။ နဂါး
  • ၃။ ဒေါင်း 
  • ၄။ ကြက် 
  • ၅။ ခြူး
  • ၆။ တိုး 
  • ၇။ စကြာ
  • ၈။ ဖျံ (သို့မဟုတ် မိကျောင်း )
  • ၉။ ငါး

.

အကြမ်း အားဖြင့် ထားဝယ် ဒင်္ဂါး များကို အုပ်စု ၃ စု ခွဲခြားထားနိုင်ပါသည်။

  1. စာဖတ်မရ အဓိပ္ပါယ် ဖော်မရသေးသော ခေတ်ဦး ထားဝယ် ဒင်္ဂါးများ
  2. စာပြောင်းပြန်ဖြစ်နေ၍ မှန်ထောင်ဖတ်မှ ဖတ်နိုင်သော ခေတ်လယ် ထားဝယ် ဒင်္ဂါးများ 
  3. မှန်ထောင်ဖတ်စရာ မလိုသော ခေတ်နှောင်း ထားဝယ် ဒင်္ဂါးများ 

.

မှတ်ချက်။ မိုဘိုင်းပေါ်တွင် ဒင်္ဂါးများမှာ မဝိုင်းဘဲ ဖြစ်နေလျှင် portrait အစား landscape အနေဖြင့် ဘေးတိုက် ကြည့်ပါ။ သို့မဟုတ် tablet များ ကွန်ပျူတာများပေါ်တွင် အမှန်အတိုင်း မြင်ရအောင် ကြည့်နိုင်ပါသည်။

 ______________________


ခေတ်ဦး ထားဝယ် ဒင်္ဂါးများ

၂၀၂၄ ခုနှစ်အထိ စာဖတ်မရ / အဓိပ္ပါယ် ဖော်မရသေးသော ခေတ်ဦး ထားဝယ် ဒင်္ဂါးများ .. 


 


 

 

 
 





 








 
 



 




_______________________________________

ခေတ်လယ် ထားဝယ် ဒင်္ဂါးများ

ထားဝယ် ခေတ်လယ်မှ ဒင်္ဂါးများမှာ ပြောင်းပြန်ဖြစ်နေ၍ မှန်ထောင်ဖတ်မှ ဖတ်နိုင်နိုင်ပါသည်။







  

 

 


 

 

 


 




 
 




 
 




 






 




_______________________________________

ခေတ်နှောင်း ထားဝယ် ဒင်္ဂါးများ

ထားဝယ် ခေတ်နှောင်းပိုင်းမှ ဒင်္ဂါးများမှာ အရှိအတိုင်း မြန်မာ၊ ပါဠိစာများကို အရှိအတိုင်း ဖတ်နိုင်ပါသည်။

 

 
"ဏဂရံ မဟာ သုက္ခံ သက္ကရာဇ် ၉၇၁" (AD 1609) လို့ ရေးထားသည့် ခေတ်နှောင်း ထားဝယ် ဒင်္ဂါး ဖြစ်ပါသည်။ အထက် အညာတွင် ညောင်ရမ်းခေတ် တွင် ထုတ်လုပ်ခဲ့သည့် ထားဝယ်ဒင်္ဂါး ဖြစ်ကြောင်း တွေ့ရှိရသည်။
Ref: ဦးအာကာဖြိုး ရေးသားသည့် ညောင်ရမ်းခေတ် ထားဝယ်ဒင်္ဂါး
 




  
.

ထားဝယ်ဒင်္ဂါး အပါးစား တစ်မျိုး

Ref: ဦးအာကာဖြိုး၏ ဆောင်းပါး






_________________________________

Useful Reference books: